SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ ပေကျင်းမြို့သို့ ရောက်ရှိ၊ သံရုံး၊ စစ်သံရုံး မိသားစုများအား တွေ့ဆုံ အမှာ စကား ပြောကြား

Wednesday, 22 November 2017 16:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ နိုဝင်ဘာ ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ် ကော်မရှင် အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ယိချန်းမြို့တွင် ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Sanxia လေဆိပ်မှ ထွက်ခွာကြရာ ဟူပေပြည်နယ် စစ်ဒေသ၊ စစ်ဒေသမှူး Maj. Gen. Ma Tao နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီး များက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပေကျင်းမြို့ ရှိ Nanyuan လေဆိပ်သို့ ရောက်ရှိကြရာ အာရှရေးရာဗျူရိုမှူး Sir. Col. Liu Zhongbin နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ အရာရှိကြီးများက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် နေ့လယ် ပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသား အရာရှိများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံးမိသားစု များနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိ၏ ခရီးစဉ်သည် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည် ရင်းနှီးမှုကို မြှင့်တင်ရေး အတွက် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ထမ်းဆောင်နေရသည့် တာဝန်များအား ကျေပွန်အောင် ထမ်းဆောင်ပြီး မိမိတို့နိုင်ငံ အတွက် အကျိုး ရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့ဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်း များအား လိုက်နာ ဆောင်ရွက်ရန် လိုကြောင်းမှာကြားပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုများနှင့် လက်ရှိ လျှောက်လှမ်း လျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်ခိုင်မာမာ လျှောက်လှမ်းနေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊ စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင် ပစ္စည်းများအား ပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက လက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။

  

 

Read 51 times Last modified on Wednesday, 22 November 2017 16:27